Bagan Sightseeing Monastery Naga Festival Inle Fisherman U Min Thonze Mandalay Palace & Hill

 


မော်လမြိုင် - ကျိုက်ခမီ - စက်စဲ ခရီးစဉ် (PRIVILLEGE AND HISTORICAL EXPERIENCE)

Tour Code:EMT-02
Duration: full day (estimate 10 hours)
Depart: 07:00 AM

"Explore to the Wonder Land, with our Wonder Service!"

Pan Hlaing Golf Club

 

 

 

 

၁။ ခရီးစဉ်၏ပထမဆုံး နေရာအဖြစ် ဂျုံးဂျုံးကျရေတံခွန်နှင့် ဂျုံးဂျုံးကျတောရ ရိပ်သာသို့သွားပါမည်။ မြန်မာနိုင်ငံ သာသနာတွင် နေလိုလလို ထင်ရှားကျော်ကြားခဲ့ပြီး အများတကာက ရဟန္တာဟုသိရှိကြသည့် သာသနာ့တန်ဆောင် ဂျုံးဂျုံးကျ ဆရာတော်ဘုရားကြီး တရားအားထုတ် ခဲ့သည့်နေရာတစ်ခုဖြစ်သည့်အပြင် ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသည့်အခါတွင်လည်း ရုပ်ကိုယ်ခန္ဓာမကျန်ခဲ့ဘဲ ဝတ်ခြုံထားသည့် သင်္ကန်းသာ ကျန်ရှိခဲ့ပုံနှင့် ဆရာတော်ဘုရားကြီး၏ တစ်ဘဝသာသနာ ဖြစ်စဉ်အကျဉ်းကို လေ့လာရမည်ဖြစ်ပါသည်။
၂။ ခရီးစဉ်၏ ဒုတိယနေရာအဖြစ် မွန်လူမျိုးအများစုနေထိုင်ပြီး ရှေးရိုးရာဓလေ့စရိုက်များနှင့် သာသနာကို ရိုသေမှုထွန်းကားသော ကမာဝက်ရွာရှိ ဓါတ်တော်တိုက်ကျောင်းသို့ဆက်လက်သွားမည်ဖြစ်ပြီး ထိုကျောင်းတိုက်အတွင်းတွင် နိုင်ငံ၊ မြို့ရွာအနှံ့မှ မြတ်စွာဘုရားရှင်နှင့်တကွ လက်ဝဲရံ၊လက်ယာရံ သာဝကကြီများ ၊ ရဟန္တာအရှင်သူမြတ်များ၊ ဆရာတော်ကြီးများ၏ ကြွင်းကျန်ရစ်သော ဓါတ်တော်များကို ပင့်ဆောင်ပူဇော်ထားရှိပုံကို ကြည်ညိုဖွယ်ဖူးမြင်ရမည်ဖြစ်သည်။
၃။ ထို့နောက် ခရီးစဉ်၏ တတိယနေရာအဖြစ် မွန်ပြည်နယ်သို့အလည်အပတ်ရောက်ရှိလာသူတိုင်း မဖြစ်မနေ သွားရောက်ကြည်ညိုကြသည့် မွန်ပြည်နယ်မှ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ကျိုက်ခမီရေလယ် ဘုရားသို့ သွားရောက်ဖူးမြော်မည်ဖြစ်ပါသည်။ နေ့လည်စာကို ကျိုက်ခမီဘုရားအနီးတွင်စားမည်ဖြစ်သည်။ ဘုရားမှအပြန် မြန်မာနိုင်ငံတွင် တတိယမြောက်တည်ထောင်ခဲ့သော ခရစ်ယာန်သာသနာပြု Church ကျောင်းဖြစ်သော ကျိုက်ခမီရှိ Church ကျောင်းကို ပါတစ်ဆက်တည်းသွားရောက်မည်ဖြစ်ပါသည်။
၎။ ထိုမှတဆင့် မွန်ပြည်နယ်၏ အထိမ်းအမှတ်တစ်ခုဖြစ်သော စက်စဲကမ်းခြေသို့သွားရောက်ပြီး လတ်ဆတ်အေးမြသော ပင်လယ်လေနှင့်အတူ ရေကစားရင်း ချိုမြိန်လတ်ဆတ်သော အုန်းစိမ်းရေများ၏ အရသာကို ခံစားသွားပါမည်။
၅။ ကျိုက်ခမီ-စက်စဲ မှ အပြန်လမ်းတွင် ကမ္ဘာတွင် သေမင်းတမန်ရထားလမ်းဟု ကျော်စောခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက လူပေါင်းများစွာ သေကြေပျက်စီးခံပြီး ဖောက်လုပ်ခဲ့သည့် ကမ္ဘာကျော်သေမင်းတမန်ရထားလမ်းအစကို သွားရောက်မည်ဖြစ်သည်။ ရထားလမ်း၏အဆုံးမှာ ထိုင်းနိုင်ငံတွင် တည်ရှိသည်။ ၎င်းသေမင်းတမန်ရထားလမ်းဖောက်လုပ်စဉ်အတွင်း သေဆုံးခဲ့သူများအပြင် ဒုတိယကမ္ဘာစစ်အတွင်းသေဆုံး သွားကြသူများကို သတိရခြင်းအထိမ်းအမှတ် တစ်ခုအနေဖြင့် ဆောက်လုပ်ထားသည့် နာမည်ကျော် သံဖြူဇရပ် ဓနသဟာယ စစ်သင်္ချုင်း ကိုလည်း သွားရောက်ကြမည်ဖြစ်ပါသည်။
၆။ အပြန်လမ်းတွင် မုဒုံရှိ မုဒုံကန်ကြီးစေတီသို့ ဝင်ရောက်ဖူးမြော်ရင်း မုဒုံမြို့နှင့် အနီးနားတဝိုက်နာမည်ကြီးလှသော ဘူးသီးကြော်နှင့် အခြားသော အသုပ်စုံ၊ အကြော်စုံများကို စားသောက်နိုင်ပါသည်။ သမိုင်းစာအုပ်များ၏ အဆိုအရ မြတ်စွာဘုရားရှင်ဟင်္သာမင်းဘဝက ထိုကန်ကြီးတွင် သီတင်းသုံးနေထိုင်ခဲ့ပြီး ဘုရားရှင်၏ ဓါတ်တော်အချို့ကိုလည်း ထိုစေတီတွင် ဌာပနာထားပါသည်။
၇။ ထိုမှဆက်ကာ ခရီးစဉ်၏ နောက်ဆုံး ဝင်ရောက်မည့်နေရာဖြစ်သော မုဒုံမြို့အထွက်နား တွင်ရှိ ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရတွင် ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို ဝင်ရောက်ဖူးမြော်သွားမည်ဖြစ်ပါသည်။

 

 

Pan Hlaing Golf ClubPan Hlaing Golf ClubPan Hlaing Golf ClubPan Hlaing Golf ClubPan Hlaing Golf Club